ကြံခင်း စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်နှင့် ဘက်စုံသားဖွားဆရာမများက မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းအဖြစ် မွေးစမှ(၁)နှစ်ခွဲထိ ကလေးငယ်များအား ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ(ရိုတာ) ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးကြောင်းနှင့် အဆိုပါလုပ်ငန်းကို ကြံခင်းမြို့နယ် အတွင်းရှိရပ်ကွက်/ ကျေးရွာ(၃၅)အုပ်စုမှ ကျန်းမာရေးဌာနများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် သက်ဆိုင်ရာကျန်းမာရေးမှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ကြကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူထံကသိရသည်။
မြို့နယ်(ပြန်/ဆက်)