ဒေးဒရဲမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး နည်းပြသင်တန်းတက်ရောက်သူများအား ထောက်ပံပစ္စည်းများ ပေးအပ်

ဒေးဒရဲ စက်တင်ဘာ ၂

ဧ​ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအား ခရိုင်အဆင့်တက်ရောက်မည့်နည်းပြများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်တီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က ခရိုင်အဆင့် နည်းပြသင်တန်းတက်ရောက်မည့်သူများအနေဖြင့် သင်တန်းတွင်ပို့ချသည့် အချက်အလက်များကို  မြို့နယ်အဆင့်နည်းပြသင်တန်းများတွင် ပြန်လည်ပို့ချပေးရမည်ဖြစ်၍ ကြိုးကြိုးစားစားသင်ယူကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဖြည့်ဆည်းဆောင်ရွက်ရာတွင် အကျိုးရှိမည့် သန်းခေါင်စာရင်းကောက်ယူမည့်လုပ်ငန်းများ သင်တန်းသား၊ သင်တန်းသူများ၏ ပါဝင်ဆောင်ရွက်မှုသည့် အဓိကအခန်းကဏ္ဍဖြစ်၍ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအောင်မြင်စွာ ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး ခရိုင်အဆင့် နည်းပြသင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ (၁၂)ဦးအား ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးတံဆိပ်ပါဝတ်စုံများနှင့် Mobile Tablet များ၊ power Bank များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ(၃၀)ရက် ည(၁၂)နာရီမှစတင်ကာ စာရင်းကောက်အဖွဲ့များမှ  မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ နေထိုင်သူများအားလုံးကို မထပ်မကျန်စာရင်းကောက်ယူနိုင်ရန် သန်းခေါင်စာရင်းရည်ညွှန်းချိန်မှစတင်၍ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်အဖွဲ့များမှ  Mobile Tablet ဖြင့် ၁-၁၀-၂၀၂၄ မှ ၁၅-၁၀-၂၀၂၄ ထိ ကောက်ယူသွားမည့်လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ မြို့နယ်အဆင့် နည်းပြသင်တန်းများ ဖွင်လှစ်ပို့ချပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ်ဦးစီးမှူးထံမှ သိရသည်။

အေဇာလင်း