ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ပခုက္ကူ စက်တင်ဘာ ၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့နံနက်၉နာရီခွဲအချိန်က သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် ရေကြီးခြင်းများအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် အရောင်စနစ်ဖြင့် သတိပေးချက်များ၊ ဘေးအန္တရာယ်ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ အကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူခရိုင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့နယ် စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၈) သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)