မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောင်းမြ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဟောပြောခြင်းကို ကညင်ကုန်းကျေးရွာအုပ်စု၊ တောင်ပေါ်စုကျေးရွာ၊ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းက ဆွေးနွေးဟောပြောရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း၊ မေးခွန်းများအား မှန်ကန် စွာ ဖြေကြားပေးစေလိုကြောင်း ဟောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့​သည်။

အဆိုပါအခမ်းအနားကို မြောင်းမြမြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ ကညင်ကုန်ကျေးရွာအုပ်စု၊ သိလ္လာဂတ်စုကျေးရွာအုပ်စုနှင့် ရေငန်ကျေးရွာအုပ်စုတို့ရှိ ရပ်/ကျေး သန်းခေါင်စာရင်း ကော်မတီဝင်များနှင့် ကျေးရွာနေ ပြည်သူများ (၂၀၀) ဦးခန့် တက်ရောက်ခဲ့​ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)