မအူပင်မြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  အ‌ကောင်အထည်ဖော်ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီး

မအူပင် စက်တင်ဘာ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းများ၏ စီမံကိန်းအတိုးရငွေ (၅၀%) ဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုများအား မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောမြစိမ်းရောင်ကျေးရွာစီမံကိန်းများမှ ကျုံတာကလေးကျေးရွာအုပ်စု၊ ကျုံဖားကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ်သန်း (၁၀.၀) ဖြင့်လည်းကောင်း၊ ကဝက္ကင်းကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ကျပ်သန်း (၁၆.၀)၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း (၂.၀) ဖြင့်လည်းကောင်း၊ သုံးခွကျေးရွာအုပ်စု၊ ဗရင်ဂျီစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ကျပ်သန်း (၁၂.၀)၊  ပြည်သူထည့်ဝင်ငွေ ကျပ်သန်း (၃.၅) ဖြင့်လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းများမှ ထရော်ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကျွဲလမ်းကြီး+စာဖြူစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ကျပ်သန်း (၁၀.၀)၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း (၃.၀) ဖြင့်လည်း‌ကောင်း၊ အခြံကျေးရွာအုပ်စု၊ လတာကြီး+လတာကြီး(ကွင်းချောင်း)+လတာကြီး(တောင်)+လတာကြီး(မြောက်) ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်း  အတိုးရငွေကျပ်သန်း (၁၀.၀)၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း (၁၅.၀) ဖြင့်  လည်းကောင်း ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မအူပင်မြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)