ပေါင်းတည် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံဌာနခွဲရှိ မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ်(RS) စပါးစိုက်ခင်းများ၌ ယနေ့နံနက်ပိုင်းက မြေသြဇာကြဲပက်ခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံဌာနခွဲ တာဝန်ခံ ဒေါ်ဌေးတင်နှင့်အတူ ဝန်ထမ်းများက စိုက်ပျိုးခြံအတွင်း စိုက်ပျိုးထားသော မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ်(RS) စပါးစိုက်ခင်းများအတွင်းသို့ သဘာဝမြေသြဇာ ၃ ဆ၊ ယူရီးယားဓာတ်မြေသြဇာ ၁ ဆ ရောစပ်ကြဲပက်ခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပေါင်းမြက်ရှင်းလင်းခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့ထုတ် (RS) စိုက်ခင်းဧက ၆၀ စိုက်ပျိုးထုတ်လုပ်ရန် လျာထားခဲ့ကြောင်း၊ ယခုအချိန်တွင် ရတနာတိုး (RS) ၂၀ ဒဿမ ၅ ဧက၊ ဆင်းသုခ(RS) ၃၇ ဒဿမ ၅ဧက၊ မှော်ဘီ(၃) ၁ ဧကနှင့် တောင်သူသုတေသန ၁ ဧကတို့ကို စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။
မျိုးသန်ခြံဌာနခွဲအနေဖြင့် ဒေသခံတောင်သူများ စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးမြင့်၍ အထွက်ကောင်းစေမည့် မျိုးသန့်၊ မျိုးပွား၊ မျိုးစေ့များ ရရှိစေရေး သိပ္ပံနည်းကျစိုက်ပျိုးကာ မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်