ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၌ ရပ်ရွာအ​ခြေပြု မုန့်မျိုးစုံပြလုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

ရွှေဘို စက်တင်ဘာ ၁

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၌ ရပ်ရွာအ​ခြေပြု မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ည​နေပိုင်းက ကျင်းပခဲ့​ကြောင်း သိရသည်။        

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ​ဒေါ်ကြွယ်ကြွယ်ဝင်းကအဖွင့်အမှာစကား​ပြောကြားရာ၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်းတို့​ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အ​ထောက်အကူဖြစ်​​စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး​နောက်၊ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ​ပေးအပ်ရာ သင်တန်းသူတစ်ဦးက မုန့်လုပ်နည်းမျိုးစုံကို အခမဲ့သင်ကြာ​ပေးသည့်အတွက် ကျေးဇူးတင်​ကြောင်း​ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့​ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင်သင်တန်းနည်းပြ ဆရာမများက မုန့်အမျိုးမျိုးပြုလုပ်ခြင်းများကို စာတွေ့၊ လက်​တွေ့ (၂) ရက်သင်ကြားခဲ့​ကြောင်းနှင့် သင်တန်းတက်​ရောက်သူ (၂၀) ဦးရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)