ကျွန်းလှ၌ Mpox (မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဟောပြော

ကျွန်းလှ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် Mpox (မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းလှ)ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျွန်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီဝင်းက Mpox (မျောက်ကျောက်) ရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ၊ ကူးစက်နိုင်ခြေ ရှိသည့် နည်းလမ်းများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြည့်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညိ( ကျွန်းလှ)