ရွှေတောင် သြဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာနေ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးစိုးလွင်ဦး၏ အသားတိုးဝက်(၈၀)ကောင် မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ဇယ်မကျေးရွာအုပ်စု၊ စိုက်ပျိုးရေးရွာသစ်ကျေးရွာနေ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးယုလွင်၏ အသားတိုးကြက်(၂၀၀၀)ကောင် မွေးမြူထားရှိမှုအခြေအနေများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ခေတ္တရာပန်းရွှေပြည်ကုမ္မဏီမှ ဆောင်ရွက်ခဲ့သည့် ကသဲတန်းလမ်း၊ Box Culvert(၁)ခုနှင့် လမ်းဘေးအုတ်ရေမြောင်း(၁၀၀)ရာခိုင်နှုန်း ဆောက်လုပ်ပြီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)