ညောင်လေးပင်မြို့နယ် အ.ထ.က(၂)ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်လေးပင် ဩဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော အသိပညာဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ညောင်လေးပင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လင်းရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြင့်သန်း(ညောင်လေးပင်)က "စာကိုလည်းသင်၊ စိတ်ကိုလည်းသင် "ခေါင်းစဥ်ဖြင့်လည်းကောင်း ညောင်လေးပင်မြိုနယ် စာရေးဆရာအသင်း အဖွဲ့ဝင် မောင်ကြည်လင်(ရွှေကြိုးကြာ)က "လှေကလေးကိုလှော် "ခေါင်းစဥ်နှင့် ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင် လှမြင့်ဦး(ညောင်လေးပင်)က "ဘဝထဲက ကဗျာ၊ ကဗျာထဲကဘဝ" ခေါင်းစဥ်များဖြင့် အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ် စာစောင်များ လှူဒါန်းပေးခဲ့ကြသည်။

အခမ်းအနားသို့ ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းနာယကနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ(၃၂၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)