ငပုတော ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကမ်းနီကျေးရွာအုပ်စု ကမ်းနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည့် ကော်ဖီသီနှံပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည့်သူစစ်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ ကော်ဖီပင်သီးနှံများကို စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် ကမ်းနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အလျား ၁၂၀’xအနံ ၃၀’(၆)ခန်းတွဲဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်စေရေးမှာကြားကာ ကမ်းနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများထံ လိုအပ်သည်များမှာကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တမန်ချောင်းကျေးရွာအုပ်စု တမန်ချောင်းကျေးရွာရှိ “လမ်းပြကြယ်”စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစာကြည့်တိုက်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)