မြို့သစ် နိုဝင်ဘာ၂ဝ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး ၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေး အတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၈.၅)သန်းဖြင့် ကွက်သစ်ရပ် ကွက်ရှိ စာတိုက်လမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း (အလျား ၄၀၀ပေ× အနံ ၄ပေ×အနက် ၂.၅ ပေ) ကို အောက်တိုဘာလ ဒုတိယပတ်မှစ၍ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင် ဂျင်နီယာ ဦးဗိုလ်ဌေး (S.A.E) မှ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်/ ဆက်)