ညောင်တုန်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာအုပ်စု၊ ဗောဓိကျေးရွာရှိ ကွင်းရေကျ၍ မိုးစပါးပြန်လည်အစားထိုးစိုက်ပျိုးသည့် တောင်သူများထံသို့ စပါးမျိုးများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝမ်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကြည်ဆွေ၊ ခရိုင်နှင့် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗောဓိကျေရွာရှိ တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းရေမြှင့်တက်၍ ထိခိုက်ပျက်စီးခဲ့သည့်လယ်မြေများတွင် အချိန်မီ အမြန်အစားထိုးစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးမှာကြား၍ သက်တမ်းတို ထွန်းပုစပါးမျိုးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကွင်းအမှတ် (၃၁၂) ရှိ လယ်မြေ (၈) ဧကတွင် ကွင်းရေကျ၍ မိုးစပါးအစားထိုး ပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)