လိပ်သို ဩဂုတ် ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိကျေးရွာများတွင် နေထိုင်ကြသော ဒေသခံများမှာ နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးထားသော ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင် အသက်မွေးဝမ်းကြောင်းကြရာ ယခုအခါ နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သော ဒူးရင်းသီးပင်များကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ဒူးရင်းပင်များ တိုးချဲ့စိုက်ပျိုးလာကြရာတွင် မိမိတို့၏ဥယျာဉ်ခြံများ၌ သင့်လျော်သောမြေနေရာတွင် စိုက်ပျိုးကြသလို ခြံမြေအသစ်ဝယ်ယူ၍ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးသူများလည်း ပေါ်ပေါက်လာကြောင်း သိရသည်။
စိုက်ပျိုးရေးကျွမ်းကျင်သူ၊ ရင်းနှီးမြှုပ်နှံနိုင်သူများက နိုင်ငံခြားမျိုးများ၊ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ဝယ်ယူပြီး စနစ်တကျ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြသော်လည်း သာမန်တောင်သူများမှာ မိမိတို့လက်လှမ်းမီရာ ဒူးရင်းသီးမျိုးစေ့များနှင့် ပျိုးပင်များကိုသာ ပျိုးထောင်စိုက်ပျိုးကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)