ပန်းတောင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဝေသည့် လက်စွဲမျိုးစေ့ချကိရိယာ (Manual Drum Seeder Type-II) ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပန်းတောင်း ဩဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဝေသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Manual Drum Seeder Type-ll) ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်အေးအေးသင်းနှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဝေသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Manual Drum Seeder Type-ll) အလက် (၄၁) လက်အား ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအားက လက်ဆွဲမျိုးစေ့ချကိရိယာ (Manual Drum Seeder Type-ll) အားကြည့်ရှု၍ သိရှိလိုသည်နှင့် လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရထံတင်ပြ၍ အကြံပြုစကားများ ပြောခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)