ကျိုက်လတ်မြို့နယ်၌ “ရွှေညောင်ပင်ကျေးရွာစာကြည့်တိုက်” အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ကျိုက်လတ် ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင် ယနေ့ နံနက်(၉)နာရီက “ရွှေညောင်ပင် ကျေးရွာစာကြည့်တိုက်” အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက စာကြည့်တိုက်ပေါ်ထွန်းလာပါက အသက်အရွယ်နှင့် ဆင်းရဲ ချမ်းသာမရွေး စာပေအသိဉာဏ်ဗဟုသုတများကို အခမဲ့ရရှိမည်ဖြစ်ကြောင်း၊ ယခုမြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့်ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်ကို ပြည်သူများက အားကြိုးမာန်တက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မတည်ငွေ ကျပ်သိန်း ၁၅၀ ဖြင့် အလျား ၆၀ ပေ၊ အနံ ၅၀ ပေရှိ ကညင်ကုန်းကျေးရွာအုပ်စု၊ ရွှေညောင်ပင် ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊အဖွဲ့ဝင်(၃)ဦးမောင်းမာန် နှင့်အတွင်းရေးမှူး ရဲမှူး‌ကျော်စိုး တို့က သတ်မှတ်နေရာများ၌ ပန္နက်ရိုက်ပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)