လပွတ္တာ ဩဂုတ် ၂၈
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းစွာ သင်ယူနိုင်စေရန်၊ အနာဂတ်အတွက် အားထားရသည့်သားသမီး ရတနာများဖြစ်နိုင်ကြစေရန်အတွက် ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ အ.မ.က ၆ ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား ကျောင်းသူလေးများအား ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေ၊ အရေပြားရောဂါများ ရှိ/မရှိ၊ သွားနှင့်ခံတွင်းကျန်းမာရေး အခြေအနေ၊ အမြင်အာရုံ ချို့ယွင်းခြင်း၊ မျက်စိနာခြင်း စသည့် မျက်စိရောဂါ အခြေအနေများ၊ နားပြည်ယိုခြင်း၊ နားလေးခြင်း ရှိ/မရှိ၊ အာသီးရောင်ခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်းကြီးခြင်း၊ လည်ပင်းအကျိတ်ကြီးခြင်း စသည့်ရောဂါများနှင့် အခြားရောဂါများ ရှိ/မရှိတို့ကို ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျစစ်ဆေးပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကာ၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်နှင့် တာ၀န်များဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)