ညောင်တုန်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကွင်းရေမြှင့်တက်၍ ထိခိုက်ပျက်စီးခဲ့သည့် စပါးခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်း၌ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ကွင်းရေမြှင့်တက်၍ ထိခိုက်ပျက်စီးခဲ့သည့် လယ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ အချိန်မီကောက်ပင်ခွဲ အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် မျိုးစပါးများလိုအပ်ပါက ပံ့ပိုးပေးနိုင်ရေး ဝောာင်သူများနှင့် တွေဆုံ၍ သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)