ဝေါမြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ဝေါ ဩဂုတ် ၂၈

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာ ပေးလှုံ့ဆော်ရေး Bill Board စိုက်ထူးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဝေါမြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်သည်။

ဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်းကောက်ကြစို့" အသိပညာပေးမြေစိုက်ပိုစတာ Bill Board ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူနှင့်ဝန်ထမ်းများက မြေစိုက်ပိုစတာအား စိုက်ထူပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် တက်ရောက်လာသူများက ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဒေသတွင်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)