ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ရှေးဦးစွာ အ.လ.က(ပြည်ကြီးမဏ္ဍိုင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက ကျောင်းသား/သူများအား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက အဂတိလိုက်စားခြင်း၏အဓိပ္ပာယ်၊ အဂတိတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အဂတိလိုက်စားလျှင် အရေးယူနိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်နှင့် ချမှတ်နိုင်သည့်ဥပဒေများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)