စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောပွဲ မုံရွာစီးပွားရေးတက္ကသိုလ်၌ ကျင်းပ

မုံရွာ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနား၏ ဦးဆောင်မှုဖြင့် မုံရွာစီးပွားရေးတက္ကသိုလ်နှင့်ပူးပေါင်းကာ စားသုံးသူသူများ အသိပညာပြန့်ပွားရေးအတွက် စားသုံသူအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က ဝန်ကြီးဌာနအကြောင်းနှင့် online Sale နှင့် ပတ်သတ်သည့် သိသင့်သည့် အချက်များအားလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိဒေါ်ခိုင်မို့မို့က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တိုင်ကြားမှုနည်းလမ်းများ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပြီးစီးမှုများအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါစားသုံးသူ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ မုံရွာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်နှင့် တာဝန်ရှိသူများ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)