ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စက်ပါလက်ဆွဲကောက်စိုက်စက်နှင့် လက်ထိုးလက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေး

ပုသိမ် ဩဂုတ် ၂၈

စက်မှုလယ်ယာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)နှင့် ပုသိမ်စက်မှုဇုန်တို့ ပူးပေါင်းထုတ်လုပ်သည့်(စက်ပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်၊ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်နှင့် လေးတန်းသွားလက်ထိုးလက်ဆွဲ ကောက်စိုက်စက်များဖြင့် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းမြင့်လှိုင် ၏လယ်ဧကတွင်စမ်းသပ်စိုက်ပျိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ(၂၆)ရက်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာအုပ်စုရှိ တောင်သူဦးဝင်းမြင့်လှိုင်၏လယ်ဧက(၅)ဧကတွင် ဗျော့ထွန်းစပါးမျိုးအား စက်မှုလယ်ယာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)နှင့် ပုသိမ်စက်မှုဇုန်တို့ ပူးပေါင်းထုတ်လုပ်သည့်(စက်ပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်၊ ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်နှင့် လေးတန်းသွားလက်ထိုးလက်ဆွဲ ကောက်စိုက်စက်များဖြင့် စမ်းသပ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ အထွက်နှုန်းများ တိုးတက်စေရေးအတွက် ကောက်စိုက်စက်များ၊ လက်ဆွဲကောက်စိုက်များ၊ အစေ့ချစက်များအသုံးပြုစိုက်ပျိုးခြင်းများ ဆောင်ရွက်စေရေး၊ အထွက်တိုး မျိုးစပါးများအသုံးပြုစိုက်ပျိုးစေရေးမှာကြားခဲ့ပြီး တာဝန်ရှိသူများအား တောင်သူများ အဆင်ပြေစွာ အသုံးပြုနိုင်မည့် ကောက်စိုက်စက်များထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)