သဲကုန်း​မြို့နယ်၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်း (3Rs) စနစ်ထိရောက်အောင်​မြင်စွာဖော်ဆောင်နိုင်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

သဲကုန်း သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သန့်ရှင်းသောမြို့ဖြစ်ပေါ်လာစေရေးနှင့် ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့နည်းစေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်း (3Rs) စနစ်ထိရောက်အောင်​မြင်စွာဖော်ဆောင်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီအချိန်က သဲကုန်းမြို့၊ စျေးတာဝန်ခံရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မာလာသိန်းက စွန့်ပစ်ပစ္စည်းများအကြောင်း၊ စွန့်ပစ်ပစ္စည်းအမျိုးအစားများအကြောင်း၊ ဘေးအန္တရာယ်ဖြစ်စေသည့် ဓာတုဗေဒစွန့်ပစ္စည်းများအ​​ကြောင်း၊ စနစ်တကျ အမှိုက်မစွန့်ပစ်ခြင်း၏ ဆိုးကျိုးများအကြောင်း၊ အမှိုက်စိုနှင့် အမှိုက်ခြောက်ခွဲခြား၍ စွန့်ပစ်ကြရန်၊ Reduce(လျှော့ချခြင်း)၊ Reuse(ပြန်လည်အသုံးပြုခြင်း)၊ Recycle (ပြန်လည်တီထွင်သုံးစွဲခြင်း) ဆောင်ရွက်ရန် နည်းလမ်းများ၊ အမှိုက်အမျိုးအစားများနှင့် ပျက်စီးရန်ကြာမြင့်ချိန်အကြောင်း၊ ပလက်စတစ်ပြဿနာ၊ ပလက်စတစ်သုံးစွဲမှုအခြေအနေများ၊ ပလက်စတစ်ညစ်ညမ်းမှုအန္တရာယ်၊ ပလက်စတစ်သုံးစွဲမှုလျှော့ချခြင်း အကျိုးကျေးဇူးများ၊ ပလက်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရန် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပုံများကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမျ ထုတ်ဝေသော အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များအား သဲကုန်းမြို့မစျေးအတွင်းရှိ စျေးသူ/ စျေးသားများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)