လိပ်သို ဩဂုတ် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများ၏ အဓိက နှစ်ရှည်ဥယျာဉ်ခြံ စိုက်ပျိုးရေး ထွက်ကုန်တစ်မျိုးဖြစ်သော ဖာလာသီးနှံများကို ဖာလာစိုက်တောင်သူများက ဩဂုတ်လနောက်ဆုံးအပတ်မှစတင်၍ ဆွတ်ခူးရောင်းချလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဖာလာသီးနှံများမှာ စက်တင်ဘာလ နောက်ဆုံးအပတ်မှကောင်းမွန်ညီညာစွာ ရင့်မှည့်လာမည် ဖြစ်သော်လည်း ဥယျာဉ်ခြံထဲတွင် ပျောက်ဆုံးမှုမရှိရန်နှင့် ခြံများသော တောင်သူများက မိမိတွင်ရှိသော အလုပ်သမားအင်အားနှင့် ရာသီဥတု အခြေအနေပေါ် မူတည်၍ ဖာလာခြံအားလုံး အချိန်မီဆွတ်ခူး အခြောက်ပြုလုပ်နိုင်ရန် စောလျင်စွာဆွတ်ခူးကြရကြောင်း ခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။
ဆွတ်ခူးရရှိသော ဖာလာသီးနှံများကို အများအားဖြင့် မီးဖြင့် အခြောက်ပြုလုပ် သိုလှောင်ထားကြသော်လည်း တောင်သူအချို့မှာ မိသားစုစားဝတ်နေရေးနှင့် အလုပ်သမားခ ပေးချေရန်အတွက် ဖာလာသီးနှံများကို ဆွတ်ခူးပြီးအစိုအတိုင်း ချက်ချင်းရောင်းချကြရာ ဈေးကွက်ပေါက်ဈေး မရှိသေးသော်လည်း ဝယ်ယူသူများက သီးနှံအပေါ် မူတည်၍ ဆာလာအိတ်တစ်အိတ်ကို (၁၅၀၀ဝိ/-)ကျပ်မှ (၂၀၀၀ဝိ/-) ကျပ်အထိ ဈေးပေးဝယ်ယူလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)