ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်း တောင်ကလေးကျေးရွာတွင် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ငပုတော ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း တောင်ကလေးကျေးရွာတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား/ကျောင်းသူများ တစ်ဦးချင်းစီ ကျန်းမာ‌ရေး ကောင်းမွန်မှု ရှိစေရန်အတွက် တောင်ကလေးတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား  ကျန်းမာရေး စစ်ဆေးခြင်းကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများအား  ကျန်းမာရေးဌာနမှ ဆရာမများက ကျောင်းသား/ကျောင်းသူများကို  တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိစေရေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာနှင့် ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြပြီး ကျန်းမာရေးဌာနမှ စစ်ဆေးမှူးများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများအား  ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)