ကြံခင်း ဩဂုတ်၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မှန်ကန်စွာ ရရှိစေရေးအတွက် ဩဂုတ်လ(၂၆)ရက်နေ့ မွန်းလွဲပိုင်းက လူဦးရေစာရင်း မှန်ကန်စေရေး ပြောင်းလဲမှုအား စိစစ်ခြင်းနှင့် ပန်းခင်း(၃) လျာထားချက် ကိန်းဂဏန်းများ ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်က (၂၀၂၄) ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မှန်ကန်စွာ ရရှိစေရေးအတွက် ၊ သက်ဆိုင်ရာ မြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားပြီးနောက်၊ မြို့နယ်(လ ဝ က)မှ (ယာယီ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းက လူဦးရေစာရင်းမှန်ကန်စေရေး ပြောင်းလဲမှုအား စိစစ်ခြင်းနှင့် ပန်းခင်း(၃)လျာထားချက် ကိန်းဂဏန်းပြင်ဆင်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် တက်ရောက်လာကြသူများက ကိန်းဂဏန်းပြင်ဆင် ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ အစည်းအဝေးပြီးမြောက်ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်(လဝက)မှ (ယာယီ) လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)