ရေနံချောင်းတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရေနံချောင်း ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ရေနံချောင်း တက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးဟိန်းစိုးထွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများ၊ မဲစာရင်းတွင် မိမိအမည်ပါရှိရေးနှင့် ဆန္ဒမဲပေးနိုင်ရေး လုပ်ဆောင်ရမည့် အချက်များ၊ မဲဆန္ဒရှင်တစ်ဦး၏ အခွင့်အရေးများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဟောပြောရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရေနံချောင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး) များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်