ကော့သောင်း ဩဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် Gender(ကျား/မရေးရာ)၊ CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)၊ NSPAW (အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း) အသိပညာဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်အမျိုးသမီးကော်မတီဉက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကော့သောင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး သန်းသန်းဝင်းက Gender (ကျား/မရေးရာ)နှင့် ပတ်သက်သည်များ၊ CEDAW (အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)နှင့် ပတ်သက်သည်များ၊ NSPAW (အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း) နှင့်ပတ်သက်သည်များကို Power Point ဖြင့် အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ခရိုင်အမျိုးသမီးကော်မတီဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေသည့် အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်အမျိုးသမီးကော်မတီဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က လိုအပ်သည့်များ ဖြည့်စွက်ဆွေးနွေးခဲ့ကာ အခမ်းအနားအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)