ကလိန်အောင်မြို့၌ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိအား စစ်ဆေး

ကလိန်အောင် ဩဂုတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိအား ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကလိန်အောင်မြို့နယ် မြေမီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးမျိုးဆွေဦးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့ကပူးပေါင်း၍ စစ်ဆေးစဉ် ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်းဆိုင်သို့အမှန်ရောက်ရှိခြင်း ရှိ/မရှိ၊ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)