ရွှေဘိုမြို့၌ ​ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ရွှေဘို ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ​ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို ကျောင်းသား ကျောင်းသူ​လေးများက "ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့" သီချင်းဖြင့် သီဆိုဖွင့်လှစ်​ပေးခဲ့ပြီး"သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက် "Video Clip အားပြသရာ တက်ရောက်လာကြသူများနှင့် အတူတကွ ကြည့်ရှုခဲ့ကြသည်။

 ဆက်လက်၍ အမှတ် (၅) စစ်အုပ်ချုပ်​ရေးနယ်​မြေ စစ်နယ်​မြေမှူးကအဖွင့်အမှာစကား​​ပြောကြားခဲ့ပြီးလူငယ်ဖွံ့ဖြိုး​ရေးစခန်း နာယက စာ​ရေးဆရာကြီး​ဒေါက်တာဦးသန်းထွန်း(​ရွှေဘို) က"စာ​ပေတန်ဖိုး"​ ခေါင်းစဥ်ဖြင့်​ဟော​ပြောကာ ​​ရွှေဘိုမြို့အ​ခြေခံပညာအထက်တန်း​ကျောင်း စာကြည့်တိုက်များအတွက်၊​ရွှေဘိုတပ်နယ် တပ်ရင်း/တပ်ဖွဲ့များက မြဝတီစာ​ပေတိုက်မှထုတ်​ဝေသည့် မြဝတီ၊​ငွေတာရီမဂ္ဂဇင်းစာအုပ်များအား​ပေးအပ်လှူဒါန်းခဲ့ကြသည်။ထို့​နောက် တက်​ရောက်လာကြသည့်​ဌာနဆိုင်ရာများနှင့်ကျောင်းသား/ ကျောင်းသူများအား၊ ဆရာကြီး၏ စာဖတ်ပရိတ်သတ်တစ်ဦးက၊ တစ်အုပ်လျှင်ကျပ် (၁၀၀၀၀ိ/) တန်ဖိုးရှိ"​ရွှေဘိုနိဒါန်း"စာအုပ်၊ ဆရာကြီး​ဒေါက်တာဦးသန်းထွန်းကအလိမ္မာ-စာမှာရှိစာအုပ်များကို ၊အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်​​မြေ စစ်နယ်​မြေမှူးနှင့်အရာရှိစစ်သည်များ၊ဆရာကြီး​ဒေါက်တာဦးသန်းထွန်း(​ရွှေဘို) တို့က စာ​ပေဒါနဖြန့်​ဝေ​ပေးခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ဥာဏ်စမ်းပ​ဟေဠိ၊ ကျပန်းစကား​ပြောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား ကျောင်းသူများအား၊ အမှတ် (၅) စစ်အုပ်ချုပ်​ရေးနယ်​မြေ စစ်နယ်မြေမှူး၊ ဒုတိယခရိုင်အုပ်ချုပ်​ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့အတွင်း​ရေးမှူး ဒုတိယရဲမှူးကြီး​နှင့် အဖွဲ့ဝင်လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနခရိုင်မှူး၊ ခရိုင်ပညာ​ရေးမှူးတို့က ဆုများအသီးသီးချီးမြှင့်​ပေးခဲ့ပြီး အဖွင့်၊ အပိတ် သီချင်းသီဆို​ပေးသည့်​ကျောင်းသား/သူ​လေးများအား​ စစ်နယ်​မြေမှူးနှင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးတို့မှ ဂုဏ်ပြု​ငွေများ​​ပေးအပ်ခဲ့ပြီး ဆရာကြီး​ဒေါက်တာဦးသန်းထွန်း (​ရွှေဘို) အားဂုဏ်ပြုလက်​ဆောင်ခြင်းပေးအပ်ခဲ့ကာ ​ကျောင်းသား/သူ​လေးများက "အလှဆုံးပန်းများပွင့်ကြပြီ" သီချင်းသီဆိုကာ အခမ်းအနားကို​အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

 ထိုနောက် အမှတ်(၅)စစ်အုပ်ချုပ်​ရေး နယ်​မြေမှူးနှင့်အရာရှိစစ်သည်များ၊ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့​ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ခရိုင်ပညာ​ရေးမှူးနှင့်​ကျောင်းအုပ်ကြီးများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်လာသူများက၊ ကျောင်းသား​/ကျောင်းသူ ​လေးများ၏စာဖတ်ဝိုင်း​ဆွေး​နွေးပွဲ၊ ကာယ၊ ဥာဏ စွမ်းရည်ပြိုင်ပွဲများကိုကြည့်ရှု့အား​ပေးခဲ့ကြပြီး အမှတ်တရလက်​ဆောင်များ​ပေးအပ်ချီးမြှင့်​ပေးကာ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

​အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)