ကျောက်တံခါး သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က စျေးပိုင်းရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေနိုင်ရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာ စားအုန်းဆီ တစ်ပိဿာကို (၇၄၀၀)ကျပ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
အဆိုပါ စားအုန်းဆီများရောင်းချပေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်တင်စန်းနှင့် ဝန်ထမ်းများ၊ ဆီကုန်သည်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)