ဘုတ်ပြင်းမြို့၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ဘုတ်ပြင်း ဩဂုတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ကြီးကြပ်မှုဖြင့် အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင်ဘုတ်ပြင်းမြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အခွန်ထမ်းပြည်သူများအနေဖြင့် တာဝန်သိပြီး လိုလားစွာ အခွန်ထမ်းဆောင်လာစေရန် လုပ်ငန်းလုပ်ကိုင်သူများ၊ အခြေခံပစ္စည်းရောင်းချသူများ၊ ဝယ်သူများ၊ တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်နေသူများမှ အခွန်ငွေရရှိစေရန် ရသင့်ရထိုက်သည့် အခွန်ငွေများ ကင်းလွတ်မှုမရှိစေဘဲ အပြည့်အဝရရှိစေရန်၊ဘက်ပေါင်းစုံ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အကြောင်းအမျိုးမျိုးကြောင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုအခြေအနေများ၊ အသိပညာပေးဆွေနွေးပွဲပြုလုပ်ရသည့်များနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ဆက်လက်၍ ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဇော်က ပြည်တွင်းအခွန်များဦးစီးဌာနမှ စည်းကြပ်ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန်၊ ရတနာခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ ရုံးခွန်နှင့်တံဆပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန် စသည့်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက အခွန်ကိစ္စအရပ်ရပ်များနှင့်စပ်လျဉ်း၍ သိလိုသည့်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်အခွန်းဦးစီးဌာနမှူးက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည့် အခွန်ထမ်းပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)