ငပုတော ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပြင်ခရိုင်တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၅ ရက်နေ့ညနေပိုင်းက အဆိုပါကျောင်းရှိအားကစားဝန်းအတွင်း ကျင်းပပြုလုပ်သည်။
ဦးစွာ စစ်ကြောင်းမှူးက ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ သည်ပညာရေးတွင်သာမက အားကစားကဏ္ဍတွင်ပါ ထူးချွန်ထက်မြတ်လာစေရန်နှင့် ကျန်းမာသန်စွမ်းပြီး ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပွဲစဉ်(၁) ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
အောင်သူ(ငပုတော)