ညောင်တုန်း ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာမြို့မဈေးနှင့် စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးနှင့် စားသောက်ဆိုင်များတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်နိုင်ရန်အတွက် ယင်နားစာများအပါအဝင် မသန့်ရှင်းသောအစားအစာများရောင်းချခြင်း မပြုရန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုပြုရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် သန့်စင်ခန်း၊ ယင်လုံအိမ်သာများ သန့်ရှင်းမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)