ရေနံချောင်းတက္ကသိုလ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်နှင့် တိုင်းဒေသကြီးအဆင့် အကြိုလေ့ကျင့်ခြင်းနှင့် ဖျော်ဖြေခြင်းအခမ်းအနား ကျင်းပ

ရေနံချောင်း ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ပါဝင်ယှည်ပြိုင်မည့် ရေနံချောင်းတက္ကသိုလ်မှ ပြိုင်ပွဲဝင်များ အကြိုလေ့ကျင့်ဖျော်ဖြေခြင်းအခမ်းအနားကို ယမန်နေ့နံနက် နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို ရေနံချောင်းတက္ကသိုလ်မှ ဝါသနာရှင်များကမင်္ဂလာနံနက်ခင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ခရိုင်/တိုင်း အဆင့်တွင် ပါဝင်ယှည်ပြိုင်မည့် ပြိုင်ပွဲဝင်များက ခေတ်ဟောင်းကာလပေါ်တေး၊ အမျိုးဂုဏ်ဇာတိဂုဏ်သီချင်း၊ တပင်တိုင်အက၊ တစ်ကိုယ်တော်ဆိုင်း၊ တစ်ကိုယ်တော်စန္ဒယား၊ တစ်ကိုယ်တော်ပတ္တလား စသည့် ပြိုင်ပွဲသတ်မှတ်ချက် တေးသီချင်း၊ အကများဖြင့် အကြိုလေ့ကျင့်ဖျော်ဖြေကြသည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်က အကဲဖြတ်ဒိုင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေနံချောင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)