ကလေးခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းသောကြောင့် မြစ်ရေမြင့်တက်

ကလေး ဩဂုတ် ၂၇

စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်အတွင်း၌ မိုးများသည်းထန်စွာရွာသွန်းလျက်ရှိသောကြောင့် မြစ်သာမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေများမြင့်တက်လျက်ရှိကြောင်း ကလေခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိုးရွာသွန်းမှုများအနေဖြင့် ကလေးမြို့တွင် ၃.၂၃ လက်မ၊ ကလေးဝမြို့တွင် ၂.၆၀ လက်မနှင့် မင်းကင်းမြို့တွင် ၁.၇၇ လက်မတို့ရှိခဲ့ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၈၄၁ စင်တီမီတာ၊ စိုးရိမ်ရေအမှတ်အောက် ၉.၄ ပေတွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် ၈၄၁ စင်တီမီတာ၊ စိုးရိမ်ရေအမှတ်အောက် ၉.၆ ပေတွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် ၁၁၄၁ စင်တီမီတာ၊ စိုးရိမ်ရေအမှတ်အောက် ၆.၉ ပေတို့တွင် ရောက်ရှိနေကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)