ပေါင်းတည် ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဟင်္သာကန်ရပ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးအတွက် ၁၉၅၄ ခုနှစ်က တည်ဆောက်ခဲ့သော ယခင် ၁ ထပ် အုပ်ညှပ်(၉၀x၃၀x၁၂)ပေရှိ အန္တရာယ်ရှိအဆောက်အဦစာသင်ဆောင်အား ဖျက်သိမ်းပြီး ယခု ၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်တွင် Steel Structure (၉၀×၃၀×၁၅)ပေ စာသင်ကျောင်းဆောင်အသစ် ၁ ဆောင် အစားထိုးဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုတည်ဆောက်ရေးလုပ်ငန်းသည် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ ၁၄၂.၇၄၁ ကျပ်သန်း အကုန်အကျခံကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါစာသင်ကျောင်းဆောင်အသစ်အား ဇူလိုင်လနောက်ဆုံးပတ်မှ စတင်၍ ဓူဝံလင်းလက်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး ထိုအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀၈)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)