ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်း ‌ဩဂုတ် ၂၇

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများအား ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲ့အစည်းများထံသို့  လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား (၈၆)ဦး၊ အမျိုးသမီး(၂၂)ဦးနှင့် ကလေး(၂)ဦးပေါင်း (၁၁၀)ဦး ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

အဆိုပါ နေရပ်ပြန်များအား ပြန်လည်လက်ခံရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး မြတ်မင်းထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌အောင်ချိုနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက နေရပ်ပြန်များအား လိုအပ်သည်များကို ပြောကြားခဲ့ပြီး နဝရတ်အားကစားခန်းမတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေး၍ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ NGOအဖွဲ့အစည်းများက ပြန်လည်ဝင်ရောက်လာသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ  ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် လိုအပ်သည်များ စစ်ဆေးဆောင်ရွက်၍ မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)