ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဝေသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Manual Drum Seeder Type-ll) ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရွှေတောင် ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဝေသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Manual Drum Seeder Type-ll) ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်အတွင်း မိုးစပါး/နွေစပါး စိုက်ဧကများ လျာထားဧကပြည့်မီစွာ အချိန်မီစိုက်ပျိုးနိုင်ရေး၊ သက်တမ်းတို အထွက်ကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် ကြဲခင်းများ လုံးဝစိုက်ပျိုးခြင်းမပြုစေရေး၊ လက်ဆွဲကောက်စိုက်စက်များ၊ လက်ဆွဲမျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များ အသုံးပြု၍ စနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီမှ သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်းစည်းရုံး ဆောင်ရွက်မှုအခြေအနေနှင့် လက်ဆွဲကောက်စိုက်စက်/ မျိုးစေ့ချကိရိယာများ ဖြန့်ဖြူးပေးထားရှိမှုအပေါ် တောင်သူများမှ အကျိုးရှိစွာ လက်တွေ့အသုံးချစေရေးတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်တို့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဝေသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Manual Drum Seeder Type-ll) အလက် (၄၀)အား ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)