လက်ပံတန်း ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့သော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများ၌ ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က(၁) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးထွန်းမြိုင်က အဖွင့်အမှာစကားပြောပြီး မြို့နယ်ကျန်းမာရေးဦးစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းက မျောက်ကျောက်ရောဂါအကြောင်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို အသိပညာပေးပြောကြားကာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဥမ္မာဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများအား မြို့နယ်အုပ်စီမံချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)