အိမ်မဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူ များအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

အိမ်မဲ သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် အဆိုပါကျောင်း၏၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူ များအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် အထက (၂)ကျောင်း Grade- 6 ကျောင်းသား/သူ များက “ဘက်စုံပညာကိုရည် တို့လှမ်းချီ”သီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဒေါက်တာသန်းဌေး က အဖွင့်အမှာစကားများကိုလည်းကောင်း၊ မြို့နယ်ဒုတိယပညာရေးမှူးဆရာကြီး ဦးအောင်မင်းနှင့် အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီး ကိုယ်စား အထက်တန်းပြဆရာ ဦးသန်းဆွေ တို့က အမှာစကားများ ကိုလည်းကောင်းအကျယ်တဝင့်ပြောကြားခဲ့ကြသည်။

ယင်းနောက် အထက (၂)အိမ်မဲ ကျောင်းအကျိုးတော်ဆောင် ဦးမောင်မောင်ကြီးက ကျေးဇူးတင် စကားပြောကြားပြီး အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင် များပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပရာ ကျောင်းတွင်း (A)အဆင့်ဖြင့်အောင်မြင်သူ (၁၈၆) ဦး၊ Grade -9 တိုင်းအဆင့်မေးခွန်း (A) အဆင့်ဖြင့်အောင်မြင်သူ (၃၇) ဦး၊ Grade -5 ခရိုင်အဆင့် မေးခွန်း (A) အဆင့်ဖြင့်အောင်မြင်သူ (၃၀) ဦး စုစုပေါင်းဆုရကျောင်းသား/သူ (၂၇၄) ဦးနှင့် ထူးချွန်အောင်သင်ကြား ပေးခဲ့သော ဆရာ/မ များအားတာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် Grade – 6 ကျောင်းသား/သူ များက “ဇာတိမာန်”သီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာရုတ်သိမ်းခဲ့သည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)