ပန်းတနော် သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်ဗီနိုင်းပိုစတာများပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြသဆောင်ရွက်ထားလျက်ရှိသည်။
အဆိုပါပြပွဲနှင့် နံရံကပ်စာစောင်များတွင် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များပြသခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေးအသိပညာပေး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးစသည့် နံရံကပ်ဗီနိုင်းပိုစတာများ ပြသဆောင်ရွက်ထားရှိရာ ကျောင်းသား၊ ကျောင်းသူက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ နေ့ထူးနေ့မြတ်များတွင် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများနှင့် အသိပညာပေးနံရံကပ်ဗီနိုင်းပိုစတာပြသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူအောင် (ပြန်/ဆက်)