သဲကုန်းမြို့နယ် သမဝါယမအသင်းစု(လီမိတက်) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနားကျင်းပ

သဲကုန်း ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးသန်းဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ပဲခူးတိုင်းဒေသကြီး တိုင်းသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး(ညွှန်ကြားရေးမှူး)ဒေါ်ချောစုလှိုင်၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်ဥက္ကဋ္ဌ ဦးတင်ထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးတင်​မောင်စန်းတို့က သမဝါယမသင်းများ၏ အခြေအနေအရပ်ရပ်နှင့် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အစည်းအဝေးကျင်းပရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာများကို တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ ဖတ်ကြားတင်ပြကြပြီးနောက် အတည်ပြုခြင်း၊ အသင်းစည်းကမ်းများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသင်းသားများ၏ အကြံပေးမေးမြန်းချက်များအား ပြန်လည်ဖြေကြားရှင်းလင်းခြင်း၊ အမှုဆောင်အသစ်များအား ဆန္ဒမဲပေးရွေးချယ်၍ တာဝန်ခွဲဝေပေးအပ်ခဲ့ပြီး ​ရွေးချယ်ခံအမှုဆောင်သစ်များက ကတိသစ္စာခံယူကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ သဲကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း (၉၆)သင်းမှ အသင်းဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)