မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ မိုးစပါးပြန်လည်စိုက်ပျိုး‌နေမှုအား ကွင်းဆင်းကြည့်ရှု

မိုးညို ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၇၊ ဦးပိုင် ၄၁ တောင်သူဦးဇေယျာဦး၏စိုက်ခင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့ပေးအပ်သော မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် ရက်(၉၀)မိုးစပါး ပြန်လည်စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၄၈၈၆၀ ဧက စိုက်ပျိုးပြီးစီးခဲ့ရာ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ၉၅၅၈ ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး ရေကြီးနစ်မြုပ်ခဲ့သည့်ဧကများအနက်မှ ဩဂုတ်လ ၂၆ ရက်နေ့ထိ ၈၇၇၁ ဧကပျက်စီးခဲ့ကြောင်း၊ ယခုအခါတွင် ပျက်စီးခဲ့သောနေရာများတွင် မိုးစပါးပြန်လည်စိုက်ပျိုးလျက်ရှိရာ ပျိုးထောင်စနစ်၊ မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းတို့ဖြင့် မိုးစပါး ၄၁၆၃ ဧကအား ပြန်လည်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်း‌ဒေသများတွင် ကျန်ရှိသောပျက်စီးဧကများအား အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ကိုမင်း (ပြန်/ဆက်)