မကွေး ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၄ ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းဟေဝန်ခန်းမတွင် ကျင်းပသည်။
ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးက အမှာစကားပြောကြားကာ ပြိုင်ပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေး၊ မြို့သစ်နှင့် နတ်မောက်မြို့နယ်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် စုစုပေါင်းပြိုင်ပွဲဝင် ၈၀ ဦး ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့တွင် အဆိုပါခန်းမ၌ ကျင်းပရာ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)