ပန်းတနော် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံတာဝန် ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဩဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်အတွင်းရှိ ပင်စင်စားများ ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဩဂုတ်(၂၁)ရက်မှ(၃၁)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ ညနေ (၃) နာရီအတွင်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် သက်ကြီးရွယ်အိုတွေကို ဦးစားပေးထုတ်နှံပေးလျှက်ရှိပြီး သတ်မှတ်ရက်များ၌ လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား စက်တင်ဘာလ ဆန်းပိုင်းဘဏ်လုပ်ငန်းချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ကျော်သူအောင်(ပြန်/ ဆက်)