ကဝ ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်မိုးက သင်တန်းသားများအား သင်တန်းထုတ်ကုန်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် အဝတ်လျှော်၊ ပန်းကန်ဆေး၊ လက်ဆေးဆပ်ပြာဆီများ၊ လျှော်မွှေးနှင့် မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် ဩဂုတ်လ(၂၁)ရက်နေ့မှ (၂၅) ရက်နေ့အထိ သင်တန်းပို့ချခဲ့ပြီး သင်တန်းသား (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသားများအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး ၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)