ပန်းတနော်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် ၂၀ နှစ်‌အောက် အမျိုးသား/အမျိုးသမီးပြေးခုံပစ်အားကစားပြိုင်ပွဲ ကျင်းပ

ပန်းတနော် ဩဂုတ် ၂၅

နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ အသက်၂၀ နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုံပစ်အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အနောက်ပိုင်းရပ်ကွက် မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါအားကစားပြိုင်ပွဲများတွင် ပြေးခုံပစ်၊ အလျားခုံ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲ များ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည် ဌာနဆိုင်ရာအကြီးအကဲများက ပြေးခုံပစ်၊ အလျားခုံ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူအောင်(ပြန်/ ဆက်)