၂၀၂၄-၂၀၂၅   ပညာသင်နှစ် ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား (ဖူဆယ်)ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြဝတီ  ဩဂုတ် ၂၅

၂၀၂-၂၀၂ပညာသင်နှစ် ကရင်ပြည်နယ်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား (ဖူဆယ်)  ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၈ နာရီက   အဆိုပါ (ဖူဆယ်)ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းမှ သမီးငယ်လေးများက အကအလှများဖြင့်   ဖျော်ဖြေတင်ဆက်ပေးပြီး ပြိုင်ပွဲဝင်အသင်းလိုက် အားကစားသမားများနှင့်  ဘင်ခရာအဖွဲ့တို့မှ ကွင်းအတွင်း နေရာယူခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း ဆောင်ရွက်ပြီးနောက်  အခမ်းအနားကို  မြဝတီခရိုင်ပ ညာရေးမှူး  ဦးသန်းဆွေဦး၊ ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ  လက်ထောက်ညွှန်ကြား ရေးမှူး ဦးဟိန်းမိုးထက်၊  အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီးဦးအုန်းမြင့်၊ အ.ထ.က(၂)ကျောင်းအုပ် ဆရာကြီးဦးစံဝင်းကြည်နှင့်အ.ထ.က(၃) ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ကျောင်းကောင်စီဥက္ကဋ္ဌ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်သည် ကျောင်းပညာသင်နှစ် ပညာရေးပြက္ခဒိန်အရ တစ်နှစ်အတွင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ကျောင်းစာသင်ကြားသင်ယူမှုအပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ရသ သက်မွေးဘက်စုံ ပညာရေးဆိုသည့် စနစ်သစ်ပညာရေးတွင် ဘက်စုံလွှမ်းခြုံနိုင်ပြီး ထူးချွန်ထက်မြက်နေစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်မည့်  အသင်းနှစ်သင်းက  ကွင်းအတွင်းနေရာယူပြီး ကျောင်းကောင်စီဥက္ကဋ္ဌက ဘောလုံးစတင်ကန်သွင်းခြင်းဖြင့် ပြိုင်ပွဲကိုစတင်ပေးပြီး  ပွဲစဉ်အုပ်စု(၁) အလောင်းဘုရားအသင်း နှင့်ဗန္ဓုလအသင်းတို့က စတင်ယှဉ်ပြိုင်ကစားကြသည်။ ပွဲစဉ်အုပ်စု (၁)၊ (၂)မှ ကျန်ရှိသည့်အသင်းများကနေ့ရက်အလိုက် ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဩဂုတ်၂၈ ရက်နေ့တွင် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်မည့်အသင်းများက ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်၍ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)