မင်းဘူးမြို့ အ.မ.က သီရိမင်္ဂလာကျောင်း၌  ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆေင်ရွက်

မင်းဘူး ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်း၊ မျက်ခမ်းစပ်ရောဂါကာကွယ်ရေးနှင့် စစ်ဆေးပေးခြင်းများကို သီရိမင်္ဂလာအခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ ဒေါက်တာ ရဲထက်အောင်က ကျောင်းသား/ကျောင်းသူလေးများအား သွားနှင့်ခံတွင်း ကျန်းမာရေးအတွက်စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းများကို ခရိုင်နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)